Sunday, June 28, 2015

ဗျည်းတောင့်တောင့် သရတင်းတင်း(မောင်သာချို)

တစ်) ပြင်သစ်မှာ ကျင်လည်ခဲ့ဖူးသူ မိတ်ဆွေတစ်ယောက်နဲ့ စာပေဟောပြောပွဲ မစ,တင်မီ ဧည့်ခံတဲ့ စားပွဲဝိုင်းကလေး တစ်ဝိုင်းမှာဆုံဖြစ်ပါတယ်။ ထုံးစံအတိုင်း ကိုယ်မရောက်ဖူးတဲ့ နိုင်ငံမို့ ဒေသန္တရဗဟုသုတအနေနဲ့ သူ ပြောတဲ့ ပြင်သစ်အတွေ့အကြုံ တွေကို ငေးမောနားထောင်ခဲ့ရပါ တယ်။ အဲသည့်မှာ တစ်ချက်က ဘာသာစကားကိစ္စပါ။ သူက ညည်းတာပါ။ ပြင်သစ်မှာဗျာတဲ့ ဘယ်နေရာမှာမှ အင်္ဂလိပ်လို မရေးထားဘူးတဲ့။ အကုန်လုံး ပြင်သစ်လိုတွေချည်းတဲ့။ တစ်လုံး မှ နားမလည်ဘူးတဲ့။ ဘာလုပ်ရ မှန်းကို မသိဘူးတဲ့။ ဒီလူတွေ အင်္ဂလိပ်လို မတတ်ဘူးလား မသိ ဘူးတဲ့။ ကျွန်တော့်ဘေးမှာထိုင်နေ တဲ့ ကာတွန်းဆရာကိုအော်ပီ ကျယ်က မိုးလေ၀သဒေါက်တာ ဦးထွန်းလွင်တို့၊ ဆရာချစ်ဦးညို တို့စကားမဟမီ ဦးအောင်ပြောပါ တယ်။ တတ်တယ်ဟတဲ့။ တမင် မရေးတာတဲ့။ အင်္ဂလိပ်လိုရေး လိုက်ရင် ပြင်သစ်က Second (ဒုတိယ) ဖြစ်သွားမှာပေါ့တဲ့။ ဟုတ်ပါတယ်။ အင်္ဂလိပ်တို့၊ ပြင်သစ်တို့ဆိုတာက အမျိုးသား ရေးမှာ အပြိုင်ဖြစ်ခဲ့ကြ၊ အပြိုင်ဖြစ် နေကြတဲ့ နိုင်ငံတွေလေ။ စာနဲ့ စကားမှာလည်း မာနကိုယ်စီနဲ့ ပေါ့။ မင်းတို့စာက ဒုတိယ၊ မင်းတို့စကားက သာမည။ ငါတို့စာသာ ပထမ၊ ငါတို့စကားသာ အဓိကဆိုတဲ့ အချိုးမျိုးကို ချိုးထားခဲ့ကြတဲ့ နိုင်ငံကြီးတွေပဲ ဥစ္စာ။ (နှစ်) ထွန်းဖောင်ဒေးရှင်း စာပေ ဆုရခဲ့တဲ့ နိုင်ငံတကာ ဆက်ဆံရေးစာအုပ်ကလေး တစ်အုပ်ကျွန်တော့်မှာ ရှိပါတယ်။ စာရေးသူက ‘‘ဦးအောင်သန့်’’ပါ။ စာအုပ်အမည်က ‘‘မြန်မာ့အရေး ကမ္ဘာ့အရေး နိုင်ငံစုံသံတမန်ဆက်ဆံရေး’’ပါ။ အဲသည့် စာအုပ်တစ်နေရာ မှာ ကျွန်တော့်စိတ်ထဲ ငြိသွားတဲ့ အကွက်ကလေး တစ်ကွက်ပါပါ တယ်။ သည်တုန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်က မြန်မာနိုင်ငံ သားဦးသန့်ဖြစ်နေတုန်း ကာလ ပါ။ ပြင်သစ်သံတမန် အသိုင်းအ ၀ိုင်းက မြန်မာသံဝန်ထမ်း စာရေး သူဦးအောင်သန့်ကို ‘ရိ’ပါလေ သတဲ့။ မင်းတို့ဦးသန့်က အရပ် မမြင့်ဘူးဆိုလား။ ပြီးတော့ ပြင်သစ်လိုလည်း မပြောတတ်ပါ ဘူးဆိုလား။ ဦးအောင်သန့်ပြန် ပြောပုံကလည်း လူငယ်စကားနဲ့ ပြောရရင် ‘မိုက်’ပါတယ်ဗျာ။ အေး .. နပိုလီယံထက်တော့ မြင့် တယ်ကွတဲ့။ မင်းတို့ နပိုလီယံက အင်္ဂလိပ်လိုပြောတတ်ရဲ့လားတဲ့။ ကောင်းလိုက်တဲ့ တုံ့ပြန်စကား။ ဆိုလိုတာက ဘာသာစကား ဟာလည်း လူမျိုးတစ်မျိုးရဲ့ ဂုဏ် နဲ့ မာနပါပဲလို့ ပြောချင်တဲ့အ ကြောင်းပါ။ (သုံး) တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း (Mao Zedong) အင်္ဂလိပ်လို တတ်တာလူတိုင်း အသိပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ခြားရေးလောကက ဟင်နရီကစ် ဆင်းဂျား (Henry Kissinger) လာတွေ့တဲ့အခါ စကားပြန်ကို ကြားမှာထားပြီး တရုတ်လိုပဲ ပြောခဲ့တာမဟုတ်လား။ တရုတ် ဘာသာစကားက ဒုတိယတန်းစား မဟုတ်ဘူး။ ကိုယ့်လူသိချင်ရင် သင်လေဆိုတဲ့ အပေါက်မျိုးကို ချိုးထားခဲ့လိုက်တာ။ ဂျပန်က ပြန်လာတဲ့ စာရေး ဆရာတစ်ယောက်က ကျွန်တော့် ကို ဟေ့လူရာ ဘူတာရုံမှာ Exit (ထွက်ပေါက်)ဆိုတဲ့ အင်္ဂလိပ်စာ လုံးကလွဲပြီး အကုန်ဂျပန်လိုတွေ ချည်းပဲဗျတဲ့။ ဘာလုပ်ရမှန်း မသိ ဘူးတဲ့။ ဟိုတုန်းက ဂျပန်က အဲ သည့်အတိုင်းပါပဲ။ အခုမှ နည်း နည်းကလေး လျှော့ထားတာ။ ဒါတောင် ဂျပန်ပစ္စည်းတွေ ကို ကျွန်တော်တို့ ဘာလုပ်ရမှန်း မသိ။ အခုထိ ဖြစ်တုန်း။ ဂျပန် ကားတွေထဲမှာ ဂျပန်စာတွေဖတ် ပြီး ဘာလုပ်ရမှန်းမသိ။ ဂျပန်ကင် မရာကိုင်ကာ ဂျပန်စာတွေဖတ်ပြီး မျောက်လက်နှိပ်စက်ရသလို တောင်နှိပ်၊ မြောက်နှိပ်။ ဂျပန် လက်ဆောင် ပလတ်စတစ်ဘူး ကလေးတစ်ဘူး လက်ဆောင်ရ တဲ့အခါ နမ်းကြည့်ပြီးတဲ့နောက် လူးရမှာလား၊ စားရမှာလား မသိ တာကြောင့် အိမ်မှာ လေးငါး ခြောက်လသောင်တင်နေခဲ့ရပြီး မြန်မာစာတတ် ဂျပန်ကျောင်း သားတစ်ယောက်နဲ့ တွေ့တော့မှ ဂျပန်စာကို ဖတ်ခိုင်းတဲ့အခါ စား စရာမှန်းသိပြီး စားဖို့လုပ်ပေမယ့် သက်တမ်းက လွန်ခဲ့ပြီ။ ဘယ် တော့မှ အင်္ဂလိပ်လို မရေးဘူးဆို တဲ့ ဂျပန်တွေလေ။ (လေး) ဆရာဇော်ဂျီရေးပြီး လူသိ များလှတဲ့ ကဗျာကလေးတစ်ပုဒ် ရှိပါတယ်။ ‘‘သင်သေသွားသော်’’ ဆိုတာပါ။ လိုအပ်တဲ့နေရာက လေးပဲ ကောက်နုတ်ဖော်ပြပါရ စေ။ ‘‘သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏’’တဲ့။ ကိုယ့်စာနဲ့ ကိုယ့်စကားကြီး ပွားဖို့ဆိုတာက ကိုယ့်တိုင်းပြည် ကြီးပွားတဲ့ အပေါ်မှာပဲ အခြေခံ တာပါ။ ကိုယ့်တိုင်းပြည် ဓနဥစ္စာကြီး ပွားရင်၊ ကိုယ့်တိုင်းပြည် အနု ပညာကြီးပွားရင်၊ ကိုယ့်တိုင်းပြည် ပညာကြီးပွားရင်၊ ကိုယ့်တိုင်းပြည် နည်းပညာကြီးပွားရင်၊ ကိုယ့် တိုင်းပြည် အတွေးအခေါ် ကြီး ပွားရင် ကိုယ့်စာနဲ့ ကိုယ့်စကားက ကြီးပွားလာစမြဲပါပဲ။ မြန်မာနိုင်ငံ မှာ အလုပ်သွားလုပ်ဖို့၊ မြန်မာ နိုင်ငံမှာ ပညာသွားသင်ဖို့၊ မြန်မာ နိုင်ငံမှာ ဆေးသွားကုဖို့၊ မြန်မာ နိုင်ငံမှာ သွားလေ့လာဖို့၊ မြန်မာ စကားတော့ သင်ဦးမှ၊ မြန်မာစာ တော့ သင်ဦးမှဆိုပြီး သူ့ဘာသာ သူဖြစ်လာစမြဲပါပဲ။ အခုမြန်မာစာ၊ မြန်မာစကား လေ့လာသူ ဂျပန်၊ ကိုရီးယား (တောင်၊ မြောက်)၊ ထိုင်း၊ တရုတ်၊ အင်္ဂလိပ်၊ အမေရိကန် စသည် စသည်နဲ့ ရှိလာပေမယ့်လည်း လူ နည်းစုပါ။ လေ့လာသင်ယူတဲ့ ရည်ရွယ်ချက်ကလည်း လုပ်ငန်း ခွင်မှာ သုံးဖို့အတွက်မျှသာပဲ များ ပါတယ်။ မြန်မာတို့ ဂျပန်သင်၊ ထိုင်းသင်၊ မလေးသင်၊ ကိုရီးယား သင်၊အင်္ဂလိပ်သင်၊ သင်နေကြတာက လည်း ဟိုမှာ အလုပ်လုပ်လို့ ဖြစ်ရုံ သင်သူတွေက များပါတယ်။ သူ့စာ၊ သူ့စကား တတ်ထားမှတို့ များအသက်ရှင်ဖို့ လွယ်မယ်ဆိုတဲ့ စိတ်ကူးများ။ ပြောရရင် ဆရာဇော်ဂျီရဲ့ ကဗျာစာသားက နက်ရှိုင်းပါ တယ်။ ကိုယ့်စာနဲ့ ကိုယ့်စကားကို မာအောင်လုပ်၊ ခိုင်အောင်လုပ် ဆိုတာက ကိုယ့်တိုင်းပြည်ရဲ့ အနေအထားကို မာအောင်၊ ခိုင် အောင်လုပ်လို့ ပြောနေတဲ့ သဘောပါပဲ။ လောဘရှိတဲ့အတိုင်း ပြော ရရင် ကိုယ့်စာ၊ ကိုယ့်စကားကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ ၀ိုင်းပြီး လေ့လာနေတာမျိုး ဖြစ်ချင်တာ ပေါ့။ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အခု ဟာက ကိုယ့်စာနဲ့ ကိုယ့်စကားကို ကိုယ့်လူတွေက မလေးမစား မလုပ်အောင်ကို မနည်းဆွဲဆောင် နေရတဲ့ အနေအထားပါ။ ။ 7 Day Daily,

No comments:

Post a Comment