MyoMinAung
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
Thursday, February 19, 2026
ဆင်ငိုမြက်
Sunday, October 11, 2020
Sunday, July 19, 2020
စက္ကူလေတံခွန်
လေနှင်ရာနောက်လည်း ကောက်ကောက်ပါအောင်မလိုက်နိုင်ရှာဘူး
ငှက်တွေလိုတောင်ပံခတ်ပြီးလည်း လွတ်လပ်စွာ မပျံဝဲနိုင်ဘူး
ရစ်ဘီးကိုင်သူအလိုကျ ယိမ်းနွဲ့လှုပ်ရှားရုန်းကန် ဖန်တီးခံရသူသက်သက်ပါပဲ
နိမ့်မြင့်တက်ကျမှာ သူ့ဆန္ဒလုံးဝမပါဝင်ခဲ့ဘူး။ ။
( နီမင်းထက်)
Monday, July 13, 2020
ဒဂုဏ်တရာ ၏ သခင်သန်းထွန်း
- - ( ) ( ) ' ' …. '' - ( ) ( ) ' ' " () " - [] " " "…. … ….." () ' ' '' () '' () '' '' ' ' …. ' ' ' ' - ( ) '' () ( ) , '' '… ' ' …. ……' '' …….. '' () ' ' ( ) '' '… ' ' ' … () ' ….. ' { '- ' }
Saturday, June 27, 2020
ရိပ်မိုး⛈⛈⛈အလွမ်း
စိမ့်သစ် အေးငြိမ်း
မိုးရိပ်စိမ်း၌
အလွမ်း စွေရွာ
ရင်မိုးသဲ ဝေဒနာ
ဪ💓💓💓မှိုဖြူငယ်တွေတောင်
မြေစိုင်ခွဲ
တိုးပွင့်နေကြပါလား
(M.M.A)
28.6.2020
( 12:10 PM)
Saturday, February 15, 2020
ဆောင်းနှုတ်ဆက်ချိန်
ဆောင်းနှုတ်ဆက်၍ သစ်ရွက်နီမြန်း
ရင့်ရော်နွမ်းစ နွေလမ်းပျပျမြင်လေပြီ။
ရာသီစက်ခွင် ထင်လာသရုပ်
တဖြုတ်ဖြုတ်ကြွေ ရွက်ဟောင်းမြေခ
သဘာဝတည့် လောကသင်ရိုး
ညွှန်းတမ်းထိုးခဲ့ နွေရင့်ညှိုးလျှင်
မိုးလည်းကြာတော့မည်မဟုတ်။
"နွေ၏အလွန် မိုးငွေ့သွန်သော်
ကျွန်တော်အိမ်ပြန်ရဦးမည်"........တဲ့
ဖတ်မှတ်ခဲ့ရ ကဗျာစကို
နားဝကြားယောင် အတွေးနှောင်မိ
ဉာဏ်အသိယှဥ် ပြန်ကြည့်စဥ်ခိုက်
ကိုယ်သိမ်းပိုက်ထား ရာသီများလည်း
ခြောက်ဆယ်နားနီး ဂဏန်းကြီး၍
ခရီးတစ်ဝက်ကျော်ခဲ့ပြီ။
နွေလား မိုးလား ဆောင်းမှာလားပေါ့
တနေ့နေ့တော့ ရွေ့ရွေ့ရောက်လာ
ပြန်ရမှာဘဲ ထုံးတမ်းမြဲစွ
နိယာမကို ဘယ်လိုလူမှ
လွန်မရခြင်း နှလုံးသွင်းစဥ်
ပင်ယံအမြင့် လွမ်းသံလွင့်လာ
နှုတ်ဆက်ရှာသည်
သာယာခွန်းချို ဥသြပျို၏
နွေကိုကြိုသော သံစဥ်တေး.......။
လောကအိမ်သည်
တည်ငြိမ်လေးနက်နေတော့၏။
နေမိုးညို
16 - 2 -2020
ဥယျာဉ်ထဲမှာ
ဥယျဉ်ထဲမှာ
.......,
နှလုးသားမှာရှင်တဲ့ အပင်
အကြင်နာမေတ္တာ ကိုယ်ချင်းစာတရား
ဖူးပွင့်များဝေ
ရနံ့သင်း
ငြိမ်းချမ်းခြင်း အရိပ်ဖြစ်
နှစ်သက်မြတ်နိုး
ဒို့ပျိုးရမယ့်
အချစ်ပင်။
အမုန်းတရားမှာ ရှင်တဲ့အပင်
မျက်ရည်သောက ဒုက္ခ မီးလျံများ
ညှော်နံ့ ယမ်းနံ့များသင်း
ရက်စက်ကြမ်းကြုပ်ခြင်း သင်္ကေတဖြစ်
ဒို့ခုတ်ပစ်ရမယ့်
စစ်ပင်။
၁၀/၂/၂၀၁၈
credit to မောင်စိန်ဝင်း(ပုတီးကုန်း)