Saturday, February 15, 2020

ဥယျာဉ်ထဲမှာ

ဥယျဉ်ထဲမှာ
                .......,

          နှလုးသားမှာရှင်တဲ့ အပင်
အကြင်နာမေတ္တာ ကိုယ်ချင်းစာတရား
ဖူးပွင့်များဝေ
ရနံ့သင်း
ငြိမ်းချမ်းခြင်း အရိပ်ဖြစ်
နှစ်သက်မြတ်နိုး
ဒို့ပျိုးရမယ့်
အချစ်ပင်။

          အမုန်းတရားမှာ ရှင်တဲ့အပင်
မျက်ရည်သောက ဒုက္ခ မီးလျံများ
ညှော်နံ့ ယမ်းနံ့များသင်း
ရက်စက်ကြမ်းကြုပ်ခြင်း သင်္ကေတဖြစ်
ဒို့ခုတ်ပစ်ရမယ့်
စစ်ပင်။

၁၀/၂/၂၀၁၈
credit to မောင်စိန်ဝင်း(ပုတီးကုန်း)


No comments:

Post a Comment