Monday, May 23, 2016

အမွေ (ဒီမွန်)

"အမွေ"
********

အနံ့အသက်လေးက
မွှေးလိုက်တာ. . .
ရှုရှိုက်စရာတောင်မလိုဘူး
ငါ့ညနေဟာမူးယဇ်သွားတယ်။

မေမေကြော်ကြွေးတဲ့
မျက်ရည်ပူပူတွေကြောင့်ပေါ့ . . .။

အရက်သောက်တာ
အနုပညာမဟုတ်ဘူးဆိုပြီး
မေမေလုပ်ပေးနေကျ အမြည်းတွေနဲ့
အဖေဟာ
ကဗျာတွေကိုဖြစ်လို့ ။

အော်ခေါ်သံတွေရဲ့  အဆုံး
မေမေ့မေတ္တာတွေနဲ့ အဖေဟာ
အန်ဖတ်တွေစို့သွားခဲ့ပါတယ်။ ။

ဒီမွန်

Monday, May 16, 2016

အနမ်းရဲ့ အပြုံး

အနမ်းလေးပေး
နေညိုသွေး မှာ
ပြုံးရှက်နေတာ
ချစ်သူ မျက်နှာ. . . ?