Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, July 26, 2017

နောက်ကျသူ


စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တော့
ဒီဇင်ဘာကို ငါတွေ့တယ် …။

နှင်းတွေ . . . နှင်းတွေ
မြေပြင်ပေါ် အလုအယက်ခုန်ဆင်းနေလိုက်ကြတာ
ကြောက်မက်ဖွယ် တစ်စုံတစ်ခုကနေ
ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေကြသလိုမျိုး။

ပျံလွှားငှက်တွေလည်း
အုပ်စုဖွဲ့ ပျံသန်းလာကြလေရဲ့ …။

ညည်းတွားသံသဲ့သဲ့
လေနှင့်အတူ မျောလွင့်လာတယ် ..
ကံကောင်းခွင့်မရရှာတဲ့
အဆိပ်သင့် မက်မုန်ပွင့်များအတွက်တော့
ဒီဆောင်းဟာ ..ခါးသက်နေရော့မယ် …။

ပြိုးပြိုးပျက်ပျက် ..
ဆေးစက်ရောင်စုံချယ်သ
ပျော်စရာ ..ပွဲတော်ညများ
ဝတ်ရုံလွှာ ပါးပါး .. ဆံမျှင်စ ဖါးလျား
အနမ်းတို့ လန်းစွင့်ဝင့်ြွကား ..
အားလုံးလည်း မူးယစ်ရီဝေ ..
ခြေထောက်တွေ … ပျံသန်းနေလိမ့်မယ် …။

တစ်ချိန်က
အောင်မြင်ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီးတောင်မှ
မှုန်လို့မှိုင်းလို့ … ဒီဇင်ဘာဟန်ဆောင်လို့…။

ချစ်သူများရဲ့ ချိန်းဆိုထားတဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ …။
ဆွတ်ပျံ့ဖွယ်ဂီတနဲ့
အေးစက်စက် ခရစ္စမတ်ည
လရောင်တစ်စွန်းတစ်စကျနေတဲ့
ဝက်သစ်ချပင်အိုကြီးရဲ့အောက်
ချစ်တဲ့သူရေ
ဒီနှစ်လည်း ..တစ်ယောက်တည်း
စောင့်မျှော်လွမ်းရစ်ပေဦးတော့ …။

စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါမေ့မယ် …..။

တာရာမင်းဝေ

Sunday, December 18, 2016

ဒွိဟတွေနဲ့လူ


မုသားချို နှုတ်ခမ်းတစ်စုံကိုမှ
နမ်းရှိုက်ချင်သူတစ်ယောက်
စကားဝှက်မျက်လုံးတွေမှာ
တွယ်တာမှူအရောင်လတ်တာ
ဒဏ်ရာရ အချစ်လို့ခေါ်သလား
ဖြစ်တည်မှူ
တွယ်နှောင်မှူ
အဲ့ဒီနောက်က
လေးပင်မှူ စိတ်အဟုန်ဟာ
သက်ပြင်းငယ် အသံသဲ့သဲ့
ကံတရားရေ
ရယ်မောခြင်း အပြည့် မဟုတ်တောင်
တစ်ဝက်ဖြစ်ဖြစ်
ငါ့ကို ပေးသနားပါ. . . . ?
                             M M A

Wednesday, August 17, 2016

ဧရာဝတီ

နိုင်ငံ့ခေါင်းဆောင်တရုတ်သွားမည့်သတင်း
မြစ်ဆုံကိစ္စသတင်း
အဲဒါတွေဖတ်မိရင်းရလာတဲ့ခံစားမှုနဲ့အတွေးကိုကဗျာရေးဖြစ်သွားပါတယ်။

                    ဧရာဝတီ
                    ..............

          မလိခ...သည်ခေါင်းဆောင်ဖြစ်
မေခ...မြစ်...ပြည်သူ။

          မြစ်နှစ်သွယ်
ချစ်ဖွယ်ပေါင်း
လှိုင်းခေါင်းကဖြူ။

          ငါတို့အားလုံး...အတူတူ
ပူပူ..အေးအေး...ဧရာဝတီ..ဖြစ်။

          ကမ္ဘေကမ္ဘာတည်သရွေ့
ဧရာဝတီ...ဟေ့..ရယ်လို့တုန်ဟည်း
စီးနေမယ့်မြစ်။

         15/8/2016
မောင်စိန်ဝင်း (ပုတီးကုန်း)

Monday, August 15, 2016

ဘုရားသခင် နဲ့ ကဗျာဆရာ

ချစ်သူ့လက်ရေး
=========

အချစ် လို့သူရေးတုန်းက
ပြုံးခဲ့တယ် ။

အမုန်းလို့ သူရေးတော့လဲ
မမဲ့ရက်ဖူး ။

ချစ်သူ့လက်ရေးဆို
အလိုလို မြတ်နိုးခဲ့လို့ပါ ။

        နေမိုးညို
       15-8-2016

Monday, May 23, 2016

အမွေ (ဒီမွန်)

"အမွေ"
********

အနံ့အသက်လေးက
မွှေးလိုက်တာ. . .
ရှုရှိုက်စရာတောင်မလိုဘူး
ငါ့ညနေဟာမူးယဇ်သွားတယ်။
်
မေမေကြော်ကြွေးတဲ့
မျက်ရည်ပူပူတွေကြောင့်ပေါ့ . . .။

အရက်သောက်တာ
အနုပညာမဟုတ်ဘူးဆိုပြီး
မေမေလုပ်ပေးနေကျ အမြည်းတွေနဲ့
အဖေဟာ
ကဗျာတွေကိုဖြစ်လို့ ။

အော်ခေါ်သံတွေရဲ့  အဆုံး
မေမေ့မေတ္တာတွေနဲ့ အဖေဟာ
အန်ဖတ်တွေစို့သွားခဲ့ပါတယ်။ ။

ဒီမွန်