ဆောင်းနှုတ်ဆက်၍ သစ်ရွက်နီမြန်း
ရင့်ရော်နွမ်းစ နွေလမ်းပျပျမြင်လေပြီ။
ရာသီစက်ခွင် ထင်လာသရုပ်
တဖြုတ်ဖြုတ်ကြွေ ရွက်ဟောင်းမြေခ
သဘာဝတည့် လောကသင်ရိုး
ညွှန်းတမ်းထိုးခဲ့ နွေရင့်ညှိုးလျှင်
မိုးလည်းကြာတော့မည်မဟုတ်။
"နွေ၏အလွန် မိုးငွေ့သွန်သော်
ကျွန်တော်အိမ်ပြန်ရဦးမည်"........တဲ့
ဖတ်မှတ်ခဲ့ရ ကဗျာစကို
နားဝကြားယောင် အတွေးနှောင်မိ
ဉာဏ်အသိယှဥ် ပြန်ကြည့်စဥ်ခိုက်
ကိုယ်သိမ်းပိုက်ထား ရာသီများလည်း
ခြောက်ဆယ်နားနီး ဂဏန်းကြီး၍
ခရီးတစ်ဝက်ကျော်ခဲ့ပြီ။
နွေလား မိုးလား ဆောင်းမှာလားပေါ့
တနေ့နေ့တော့ ရွေ့ရွေ့ရောက်လာ
ပြန်ရမှာဘဲ ထုံးတမ်းမြဲစွ
နိယာမကို ဘယ်လိုလူမှ
လွန်မရခြင်း နှလုံးသွင်းစဥ်
ပင်ယံအမြင့် လွမ်းသံလွင့်လာ
နှုတ်ဆက်ရှာသည်
သာယာခွန်းချို ဥသြပျို၏
နွေကိုကြိုသော သံစဥ်တေး.......။
လောကအိမ်သည်
တည်ငြိမ်လေးနက်နေတော့၏။
နေမိုးညို
16 - 2 -2020
Showing posts with label နေမိုးညို. Show all posts
Showing posts with label နေမိုးညို. Show all posts
Saturday, February 15, 2020
ဆောင်းနှုတ်ဆက်ချိန်
Subscribe to:
Posts (Atom)