Friday, September 18, 2015

ကျရှုံးနိုင်ငံသားများ (မောင်သာချို)

(တစ်) ကမ္ဘာကျော်ပညာရပ်ဝန်းကြီးတွေ အကြောင်းပြောတဲ့အခါ SOASဆိုတာလည်း ပါဝင်လာလေ့ရှိမြဲ ပါ။ SOAS ရဲ့ နာမည်အရှည်က The School of Oriental and African Studies တဲ့။ အရှေ့တိုင်းနဲ့ အာဖရိကဘာသာရပ်များ လေ့ လာရေးကျောင်းလို့ပဲ ဆိုကြပါ စို့။လန်ဒန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုပါပဲ။ အဲသည့်ကျောင်းက ပါမော က္ခခန်းဟာ ထင်ရှားပါတယ်။ သူ့ နာမည်အပြည့်အစုံက Geoffrey Khan ပါ။ သူက ဟီဗရူးဘာသာ ပါမောက္ခပါ။ Regius Profess or of Hebrew ပေါ့။ ဒီနေရာမှာ ပရော်ဖက်ဆာဆိုတဲ့ ပါမောက္ခရာ ထူးရဲ့ရှေ့က အထူးပြုထားတဲ့ Regius ကို အဘိဓာန်မှာ လှန် ကြည့်တော့ ဘုရင်တို့၊ ဘုရင်မတို့ က အတည်ပြုခန့်ထားတဲ့ပါမော က္ခရာထူးလို့ ဆိုပါတယ်။ သာမန် ကာလျှံကာပါမောက္ခမဟုတ်ဘူး ဆိုတဲ့အဓိပ္ပာယ်ပေါ့။ ခန်း(Khan)က အာရှနဲ့ အ ရှေ့အလယ်ပိုင်းရေးရာ မဟာဌာန မှာလည်း ပါမောက္ခလုပ်ဖူးတယ် လို့ဆိုပါတယ်။ Faculty of Asian and middle Eastern Studies လို့ ဆိုတာကိုး။ သူက ဆီမိုက် အနွယ်ဝင် ဘာသာစကားတွေ (Semitic Languages) နဲ့ ဝိဇ္ဇာ ဘွဲ့ကို ရခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ပါမောက္ခခန်း(Khan)က ကျရှုံးနေတဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး ရေးခဲ့၊ ပြောခဲ့ဖူးပါတယ်။ Failed States, Weak States, CollapsedStates, State Failure ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်သုံးနှုန်းကြတဲ့ မအောင်မြင်တဲ့ နိုင်ငံတွေရဲ့အ ကြောင်းပါ။ Failed States index ဆိုပြီး ကမ္ဘာပေါ်မှာကျရှုံးနေတဲ့နိုင်ငံတွေ ရဲ့အညွှန်းကို ထားလိုက်ပါ။ Top 5 Reasons Why Failed State ဆိုတဲ့ နိုင်ငံတို့ကျရှုံးရခြင်းရဲ့အဓိ ကအကြောင်းတရားငါးချက်ဆို တာကိုလည်း ထားလိုက်ပါ။ ပါမောက္ခခန်း(Khan)ရဲ့ စကားထဲက အနှစ်သာရအရှိဆုံး တရားကတော့ Errors of Omi-ssion နဲ့ Errors of Commission ပါပဲ။ Errors of Omission ဆိုတာ က မလုပ်သင့်တာကို လုပ်တဲ့အ မှားတဲ့။ Errors of Commission ဆိုတာက လုပ်သင့်တာကို မလုပ် တဲ့အမှားတဲ့။ အရပ်ထဲက စကား နဲ့ပြောရရင် မလုပ်ထိုက်တာတွေ ကို လျှောက်လုပ်ပြီး လုပ်ထိုက် တာတွေကို လျှောက်မလုပ်တော့ ဘူးလို့ ဆိုခဲ့ရင် အဲဒါ State Failureဆိုတဲ့ ကျရှုံးနိုင်ငံဖြစ်ပြီသာမှတ်ပေ တော့တဲ့။ (နှစ်) ရာဇဝင်လူဆိုးတွေကို အ ကျဉ်းထောင်တွေထဲကနေ လွှတ် ပေးသင့်၊ မလွှတ်ပေးသင့်၊ မြစ်ဆုံ စီမံကိန်းကြီးကို အပြီးတိုင်ရပ်ဆိုင်းသင့်၊ မရပ်ဆိုင်းသင့်၊ အခြေခံဥပ ဒေကို ပြင်ဆင်သင့်၊ မပြင်ဆင် သင့်၊ မြန်မာ့ပညာရေးကိုပြုပြင် ပြောင်းလဲသင့်၊ မပြောင်းလဲသင့်၊ ပြည်တွင်းငြိမ်းချမ်းရေးကို အ ဆောတလျင် အရယူသင့်၊ မယူ သင့်၊ နိုင်ငံရေးအကျဉ်းသားဆို တာမျိုး တိုင်းပြည်အတွင်းမှာ ရှိ သင့်၊ မရှိသင့်၊ လွှတ်တော်အတွင်းမှာ တပ်မတော်သားတို့က နေရာယူထားသင့်၊ မယူထားသင့်၊ တောင်သူလယ်လုပ်ဓားမခုတ်တို့ရဲ့မြေယာတွေကို သိမ်းပိုက်ယူသင့်၊ မယူသင့်၊ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာ အားကစားကွင်း၊ ပန်းခြံ၊စာကြည့်တိုက်ဆိုတာမျိုးတွေ ရှိသင့်၊ မရှိသင့်၊ ပြည်သူ့ဆေးရုံများဟာ ပြည်သူတို့ အားကိုးရာ၊ ပြည်သူတို့ကို စောင့်ရှောက်ထွေးပိုက် ကရုဏာပေးရာနေရာတွေ ဖြစ်သင့်၊ မဖြစ်သင့်၊ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းဟာ ဂုဏ်သိက္ခာရှိစွာ အသက်မွေးဖို့အတွက် လုံလောက်စွာသောဝင် ငွေပမာဏရရှိသင့်၊ မရရှိသင့်၊ စာနယ်ဇင်းများဟာ သူတို့အတွေး သူတို့အမြင်ကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ရှိသင့်၊ မရှိသင့်၊ကလေးတိုင်း၊ကလေးတိုင်းဟာ တန်းတူညီမျှ ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းရှိသင့်၊ မရှိသင့်၊နိုင်ငံ့စီးပွားရေးကို နိုင်ငံသားတိုင်းက လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ရောင်းဝယ်ဖောက်ကားခွင့်ရသင့်၊ မရသင့်၊ ပလက်ဖောင်းပေါ်မှာ လူတွေ လွတ်လပ်လှပပျော်ရွှင်အေးချမ်းစွာ လမ်းလျှောက်သွားနိုင်ရေး ဖန်တီးပေးသင့်၊ မပေးသင့်၊ ဘေးဘယာဝေး ကွားတဲ့မော်တော်ကားလမ်းတွေ၊ မီးရထားလမ်းတွေ၊ လှေသမ္ဗန်၊ သင်္ဘောကူးတို့လမ်းကြောင်းတွေ ဖြစ်အောင် စီမံပေးသင့်၊ မပေးသင့်၊ စားမယ့်အစာ၊ သောက်မယ့်ရေ၊ ရှူမယ့်လေကို ပြည်သူ လူထုမကြောင့်ကြရလေအောင် ထိန်းသိမ်းကွပ်ကဲပေးသင့်၊ မပေးသင့်၊ လူတိုင်း လူပီသစွာနေခွင့်၊ သေခွင့်ရဖို့အတွက် အခြေခံလိုအပ်ချက်တွေကို ဖန်တီးပေးသင့်၊ မပေးသင့်၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ။ အမျိုးသမီးငယ်တွေသွားကြ လာကြလှုပ်ရှားကြရာ နေရာတိုင်းမှာ လုံခြုံစိတ်ချရတဲ့လောကဖြစ်အောင် တည်ဆောက်ပေးသင့်၊ မပေးသင့်၊ ကိုယ့်ရွာ ကိုယ့်ချောင်း ကိုယ့်ကျောင်းကိုယ့်ကန် ကိုယ့်တောင်ကိုယ့်တော မတိမ်ကောရလေအောင်ထိန်းထားဖို့ရာ သင့်၊ မသင့်၊အများပြည်သူနဲ့ဆိုင်တဲ့ရေကန်၊ကမ်းခြေ၊ တောင်ကုန်း၊ ရင်ပြင်အစရှိတာမျိုးတွေကို လူတစ်ယောက်၊အဖွဲ့အစည်းတစ်ခု၊ မိသားတစ်စုလက်ထဲ လုပ်ပိုင်ခွင့်ပေးသင့်၊ မပေးသင့်။ ပြောရရင် ဗြဟ္မာ ဗြဟ္မေ လျှာကုဋေနဲ့ မိုးမြေအလုံး ပြောဆိုလို့ မဆုံးနိုင်တဲ့ အကြောင်းတရားတွေ ချည်းပါ။ ဒါပေမဲ့ အဲဒါတွေကို အခြေ ခံပြီး အနှစ်ချုပ်လိုက်တော့ ပါမော က္ခခန်း(Khan)ပြောသလို လုပ် သင့်တာကို မလုပ်ဘူးလား၊ မလုပ်သင့်တာကို လုပ်သလား၊ အဲသည့် နှစ်ခုစလုံးဟာ အမှားပါတဲ့။ မှား တော့ ဘာဖြစ်လဲ။ State Failure ဖြစ်ပါတယ်တဲ့။ ကျရှုံးနိုင်ငံ။ (သုံး) အားကစားမှာ ကျရှုံး၊ စီးပွား မှာ ကျရှုံး၊ ပညာမှာ ကျရှုံး၊ အတွေးအခေါ်မှာ ကျရှုံး၊ အနုပညာမှာ ကျရှုံး၊ စည်းကမ်းမှာ ကျရှုံး၊ စစ်ပွဲမှာ ကျရှုံး၊ မူလတန်းကျောင်း ကလေးမှာ ကျရှုံး၊ တက္ကသိုလ် ကျောင်းကြီးမှာ ကျရှုံး၊ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကျရှုံး၊ လွှတ်တော် ထဲမှာ ကျရှုံး၊ ဇာတ်ခုံပေါ်မှာ ကျ ရှုံး၊ ခွဲစိတ်ခန်းထဲမှာ ကျရှုံး၊ စာ မျက်နှာပေါ်မှာ ကျရှုံး၊ သံရုံးထဲမှာ ကျရှုံး၊ On Line ပေါ်မှာ ကျရှုံး။ မလုပ်သင့်တာတွေကို အခု ချက်ချင်း ရပ်လိုက်ကြပါတော့။ လုပ်သင့်တာတွေကို အခုချက်ချင်းထလုပ်ကြပါတော့။ လူတွေက ကျရှုံးနိုင်ငံသားတွေ မဖြစ်ချင်ကြ တော့ဘူး။ ။

No comments:

Post a Comment