Wednesday, August 12, 2015

NLD ရဲ့ စွမ်းအားရှင်

အမေစုကပြောတယ်။NLDကိုမဲမပေးဘဲနဲ့တော့ မဝေဖန်ပါနဲ့တဲ့။ ဝေလည်းဝေဖန်ပါ၊မဲလည်းပေးပါ တဲ့။ ကျွန်တော်က NLD ကိုမဲပေးမှာ၊အဲဒီတော့ နဲနဲတော့ ဝေဖန်လို့ရ မှာပေါ့နော်။ အခြားတော့မဟုတ်ပါဘူး၊သူများတွေပြောကြတာကိုကြားလို့ပါ။ မင်္ဂလာဒုံက ကိုယ်စားလှယ်လောင်း တစ်ယောက်က ရီ(ရယ်)ရတယ်တဲ့။ဟီးဟီး။ တောတိုက်က ဘုန်းကြီးက အဲဒီကိုယ်စားလှယ်လောင်းကို စာနှင့် တကွ လာကန့်ကွက်တယ်တဲ့။ (၁)ချဲဒိုင်ကိုင်ဖူးတဲ့ အကြောင်း (၂)စွမ်းအားရှင်လုပ်ခဲ့ဖူးပြီး ဒီမိုတွေကို သမခဲ့ဖူးတဲ့အကြောင်း (၃)ရပ်ကျိုးရွာကျိုး၊လူမှုရေးစသည် မလုပ်ဖူးခဲ့တဲ့အကြောင်း စသဖြင့်ပေါ့ဗျာ၊အဲဒီအကြောင်းများကြောင့် ကန့်ကွက်ပါကြောင်း ပေါ့၊။ ဒါနဲ့ မြို့နယ်တာဝန်ရှိတဲ့ အရာရှိတွေက လူစုံတက်စုံနဲ့ အဲဒီ ကိုယ် စားလှယ်လောင်းတစ်ယောက်ကို ခေါ်မေးကြတယ်ပေါ့။ *အဲဒီကိုယ်စားလှယ်လောင်းကို ချဲဒိုင်ကိုင်ဖူးသလားဆိုတော့၊ -အရင်တုန်းကပါ လို့ဖြေသတဲ့။ *စွမ်းအားရှင်လုပ်ခဲ့ဖူးသလားလို့ မေးတော့၊ -လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကပါ လို့ဖြေသတဲ့။ *ရပ်ကျိုးရွာကျိုး၊လူမှုရေးစသည်တို့ကို မလုပ်ဖူးဘူးဆို လို့မေးတော့ -ကျုပ် လူမှုရေးတွေ၊ရပ်ကျိုးရွာကျိုးတွေ ထမ်းဆောင်ခဲ့ပါတယ်လို့ ဘယ်တုန်ကပြောဖူးလို့လဲ၊ကိုယ်စားလှယ်လောင်းလျှောက်လွှာထဲ မှာလည်း ရပ်ကျိုးရွာကျိုး သယ်ပိုးပါတယ်လို့ လျှောက်လွှာတင်စဉ် က မရေးခဲ့ပါဘူး လို့ပြောလိုက်တာ မေးတဲ့လူများ အူတက်ကြတယ်ဆိုဘဲဗျာ။ ကျွန်တော် မဲထည့်မှာပါဗျာ။မှန်တာပြောတာ စိတ်မဆိုးနဲ့နော်။ NLD ဆိုမဲမဲသဲသဲ ကျွန်တော်က မဲထည့်မှာ။(ThatOoMg facebook မှ ကူးယူသည်)

No comments:

Post a Comment