Wednesday, December 3, 2014

ကိန်းဂဏန်းကပြောသော မြန်မာ

ကိန်းဂဏန်းများကပြောသော မြန်မာနိုင်ငံ ======================= ၃၃ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်လျှပ်စစ်ရရှိမှုအနိမ့်ဆုံး နိုင်ငံများတွင်ပါဝင်နေပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၃၃ ရာခိုင်နှုန်းသာ လျှပ်စစ်ရရှိကြောင်း ကမ္ဘာ့ဘဏ်၏အချက်အလက်များအရသိရ သည်။ ၂၆ နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် သည့်တယ်လီနောကုမ္ပဏီသည် ဆင်းမ်ကတ်များကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်တွင် ၁၅၀၀ ကျပ်ဖြင့်စတင်ရောင်းချပေးခဲ့ သည်။ ရန်ကုန်တွင်စတင်ရောင်းချချိန်၌ တာဝါတိုင်ပေါင်း ၃၄၈ ခု ရှိပြီး အရောင်းဆိုင်ပေါင်းရှစ်ထောင်ခန့်ရှိလာကြောင်းသိရသည်။ ၈ ကျပ်သိန်းတစ်ရာနှင့်အထက် အပ်နှံသူများအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၈ ရာခိုင်နှုန်းပေးအပ်မည့်ဘဏ်ဝန်ဆောင် မှုလုပ်ငန်းကို ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံတွင် ပထမဆုံး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစတင်ကာဝန်ဆောင်မှုပေးနေသည်။ ၃၉၉ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက် စီမံကိန်းမှသဘာဝဓာတ်ငွေ့များအား ၂၀၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံ သို့တင်ပို့ရာတွင် စုစုပေါင်းထွက်ရှိမှုပမာဏ တစ်ရက်လျှင် ကုဗပေ ၃၉၉ သန်းထုတ်လုပ်နေကြောင်း ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ ၁၇ သန်းသာရရှိထားပြီး ကျန်သည့်ကုဗပေ ၃၇၉ သန်းကို တရုတ်နိုင်ငံသို့တင်ပို့နေကြောင်း အောက်တိုဘာ ၂၃ ရက်တွင်ပြုလုပ် သော 2nd Myanmar Electric Power Conventionမှ ရရှိသောအချက်အလက်များအရ သိရသည်။ #B2BNumbers

No comments:

Post a Comment