Thursday, December 4, 2014

ဦးသန့် ဈာပန

နှစ်(၄၀)ပြည့် ဦးသန့် ဈာပနမှတ်တမ်း **************************** ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ရုပ်ကလာပ်ကို မြန်မာနိုင်ငံတွင် သင်္ဂြိုလ်ရန် ယင်းနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကျိုက္ကဆံကွင်းသို့ သယ်ဆောင်ယူလာခဲ့သည်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၏ အမိန့်အရ ကြံတောသုဿန်တွင် မြုပ်နှံရေးကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထုက သဘောမတူကြသဖြင့် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အုတ်ဂူတည်ဆောက်ပြီး မြှုပ်နှံရန် ရုပ်ကလာပ်ကို ကျိုက္ကဆံကွင်းမှ ယူဆောင်လာသဖြင့် ဦးသန့်အရေးအခင်းလှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ကျိုက္ကဆံကွင်း၊ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် နယ်မြေ၀င်းအတွင်း ဖြစ်ပွားခဲ့သည့် ဦးသန့်ဈာပနနှင့် ပတ်သက်၍ ဓာတ်ပုံဝင်းထိန်က ကြိုးစားမှတ်တမ်းတင်ခဲ့သည့်အထဲမှ တချို့ကို ပထမဆုံးအကြိမ်အဖြစ် ဖော်ပြလိုက်ပါသည်။ Freelance ဓာတ်ပုံဆရာ ၀င်းထိန်သည် အနုပညာရှင်တို့၏ ရုပ်ပုံလွှာများ၊ ပြည်သူတို့၏ လူနေမှုဘ၀များနှင့် သမိုင်းမှတ်တမ်းဓာတ်ပုံများကို ရိုက်ကူးနေသူဖြစ်သည်။ ဧရာဝတီ သက်နှင်း သုန္ဒရီ added 11 photos.

No comments:

Post a Comment