ပြည်သူအများက အကောင်းမြင်ရှုထောင့်မှ မျှော်လင့်စောင့်စားနေသော ၂၀၂၀ ပြည့်နှစ် စာမျက်နှာသစ်များ စတင်ဖွင့်လှစ် ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စက ဘာဖြစ်မည်နည်းဟူသော မေးခွန်းအတွက် အဖြေက ရှိနှင့်ပြီး ဖြစ်သည်။ အရေးအကြီးဆုံးကိစ္စသည် ငြိမ်းချမ်းရေး ရရှိရေး ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ ပြည်တွင်းစစ် ကလည်း နှစ်ပေါင်း ၇၀ ပင် ကြာခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများတွင် ပြည်တွင်းစစ်များ ချုပ်ငြိမ်းခဲ့ကြပြီဖြစ်၍ အေးချမ်းတည်ငြိမ်နေကြပြီ။ ဗီယက်နမ်ကဲ့သို့ ပြင်သစ်၊ အမေရိကန်တို့နှင့် စစ်ပွဲကြီးများဆင်နွှဲခဲ့ရသော စစ်ဒဏ်အခံရဆုံးနိုင်ငံသည်ပင်လျှင် စီးပွားရေး သံတမန်ရေးအဆင့်အတန်း ၌ မြန်မာကို ကျော်တက်သွားခဲ့ပြီ။ မြန်မာနိုင်ငံ၌ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု လက်ရှိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံအတွင်း ဗီယက်နမ်လုပ်ငန်းပေါင်း ၂ဝဝ ကျော်ရှိ သည်ဟု မြန်မာတိုင်းမ်သတင်းအရ သိရ သည်။ မြန်မာ--ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ သည် ၂ဝ၁၈ ခုနှစ် တွင် အမေရိကန် ဒေါ်လာသန်း ၈၆ဝ အထိ ရှိ ခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဇယား၌ နံပါတ် (၇) နေရာ တွင် ရပ်တည်နေသည်။ မြန်မာနိုင်ငံ မှာမူ သယံဇာတပေါကြွယ်သည့် တိုင်းရင်းသားပြည်နယ်များတွင် စစ်ပွဲများ ရပ်တန့် အောင် မစွမ်းဆောင်နိုင်သောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလျှက်ရှိသည်။ ဇန္နဝါရီ ၃၁ ရက်နေ့က ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သည့် အမေရိကန်-မြန်မာ ဆက်ဆံရေးဆိုင်ရာ အများ ပြည်သူဆွေးနွေးပွဲတွင် သံအမတ်ကြီး စကော့မာစီယယ် (Scot Marciel) ပါဝင်ဆွေးနွေးသွားခဲ့သည်။ ရခိုင်မြောက်ပိုင်း ဒေသ ပဋိပက္ခ အကျပ်အတည်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေဆိုးကျိုးတစ်ခုနှှင့် မြန်မာ့ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများ အပေါ် ပစ်မှတ်ထားသည့် ဆန်ရှင်ချမှတ် ဒဏ်ခတ်မှု ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ် က အဆိုပါ ဆွေးနွေးပွဲတွင် အလေးပေး ပြောကြားသွားခဲ့သည်။ “ လူတိုင်း သိတဲ့အတိုင်း တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သိပ် အအခြေအနေ ကောင်းနေတာမျိုး မဟုတ်ပါဘူး၊ ဒါပေမယ့် စိုးရိမ်ရတဲ့ အခြေအနေလို့ ကျွန်တော် မပြောလိုပါဘူး၊ ဒီကိစ္စက အတော်လေး ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ၊ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ဆီမှာ မတူညီတဲ့ လူ့အဖွဲအစည်းတွေ အများကြီးရှိနေပါတယ်၊ ပြီးတော့ သူတို့တွေအားလုံး မှာ မတူညီတဲ့ အမြင်တွေလည်း ရှိနေတယ်။ ဒါပေမယ့် ပြည်သူတွေ အကုန်လုံးကို ထိုင်ပြီး ဆွေးနွေးကြဖို့ အခြားတစ်ဘက် က နာကြဉ် ခံစားခဲ့ရသူတွေကို နားလည်ပေးနိုင်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ အမြဲတမ်း တိုက်တွန်းနေပါတယ်။ ဘာကြောင့် လည်း ဆိုတော့ ဒီကိစ္စက အလွန်အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ ဖက်ဒရယ်စနစ်တစ်ခု ဘယ်လို အလုပ်ဖြစ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ အိုင်ဒီယာတွေကို ကျွန်တော်တို့ဝေမျှပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒါက နိုင်ငံရေးဆန္ဒ တစ်ခုဆီ ရောက်သွားပါလိမ့်မယ်။” ဟု သံအမတ်ကြီးက ပြောသည်။ ဒေသအတွင်းနှင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ရပ်တည်မှုအနေအထားနှင့် နိုင်ငံခြားရေးမူဝါဒ၊ အိမ်နီးချင်းများဖြစ်သော အိန္ဒိယ၊ တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး စသည်တို့နှှင့်ပတ်သက်၍ သံအမတ်ကြီးက ပြောကြားရာတွင် အမေရိကန် အစိုးရအနေဖြင့် အာဆီယံဒေသအပေါ် ဆက်လက် အလေးထားဆက်ဆံနေကြောင်း ပြောကြားခဲ့သည်။ မြန်မာအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခိုင်မာအားကောင်းသော ဆက်ဆံရေးတစ်ရပ် ရရှိထားပြီး၊ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် လည်း ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ထားနိုင်ခြင်းတို့ကြောင့် အကျိုးဖြစ်ထွန်းမှုရှိသည်ဟု အမေရိကန်ဘက်က ယူဆကြောင်း သံအမတ်ကြီးက ပြောသွားသည်။ ဝါရှင်တန်ဘက်ကလည်း မြန်မာနိုင်ငံနှင့် ကောင်းမွန်စွာ ပူးပေါင်း ဆောင် ရွက်သည့် နိုင်ငံ ဖြစ်လိုကြောင်း သံအမတ်ကြီးက ပြောကြားသွားသည်။ အခြားတစ်ဖက်တွင် ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg က ဗြိတိန်အစိုးရအပြောင်းအလဲရှိသော်လည်း မြန်မာနိုင်ငံ အပေါ်ထားရှိသော ဗြိတိန်၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ ရှိမည်မဟုတ်ဘဲ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုရသည်အထိ ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်သည်ဟု RFA သတင်းနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ “အစိုးရသစ်တက်လာပေမယ့် ဗြိတိန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒက ပြောင်းလဲမသွားပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် အောင်မြင်တာကို လိုလားပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးတော့ ထောက်ပံ့ပေးချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ဆက်တိုက် ထောက်ပံ့ပေးခဲ့ သလိုမျိုးပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်တဲ့အထိ ကျနော်တို့လုပ်ပေးနိုင်တဲ့ အတိုင်း အတာအထိ လုပ်ပေးသွားမှာပါ။” ဟု ဗြိတိန်သံအမတ်ကြီး က ပြောကြားခဲ့သည်။ ICJ အရေးနှင့် ပတ်သက်၍ NLD အစိုးရက အရေးတယူသွားရောက်ရင်ဆိုင်ဖြေရှင်းခဲ့ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန် ခဲ့ခြင်းကို NLD အစိုးရက တရားရုံးရှေ့မှောက်၌ ဝန်ခံခဲ့သည်ကို လည်း သတိပြုမိကြောင်း Dan Chugg က ပြောကြား သည်။ ထိုကဲ့သို့ ဝန်ခံမှုသည် အရေးကြီးသည့် ကနဦး ခြေလှမ်းဖြစ် သည်ဟုလည်း သူကဆိုသည်။ အကယ်၍ ပွင့်လင်း မြင်သာမှု အားကောင်းပြီး လူထုယုံကြည်ကိုးစားမှု ရရှိမည်ဆိုလျှင် ICJ ၌ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အမှုကိစ္စအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ဗြိတိန်သံအမတ်ကြီးက သုံးသပ်ပြသည်။ ဖေါ်ပြပါ အခြေအနေကို သုံးသပ်ကြည့်လျှင် အနောက်နိုင်ငံကြီး နှစ်ခုအနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ဘေးကျပ်နံကျပ် အနေအထားကို စာနာသဘောပေါက်ပုံရကြောင်း တွေ့ရသည်။ ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် စပ်လျဉ္း၍ အက်ဉ်းအကျပ်အခြေ အနေသို့ မြန်မာနိုင်ငံရောက်ရှိနေသော်လည်း အထီးကျန်စေသည် အထိ ပိတ်ဆို့လိုခြင်း မရှိကြောင်း ယခု အမေရိကန် သံအမတ်ကြီး နှင့် ဗြိတိန်သံအမတ်ကြီးတို့၏ သဘောထား ဖေါ်ပြ ချက်များအရ သိရှိနိုင်သည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)၏ အပြီးသတ်အစီရင်ခံစာပါ ဖြစ်စဉ်များအရ ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေးတရားစွဲဆိုရန် သက် ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဇန္နဝါရီ ၂၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အကြံပြုချက် ၂၂ ချက် အနက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့က လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွား ရန်လည်း အကြံပြုထားသည်ဟု မဇ္ဈိမသတင်း၌ ဖေါ်ပြသည်။ ရခိုင်ပြည်နယ်တွင် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ဒေသခံ တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရန်အတွက်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံးစမ်း စစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမှာဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ နိုင်ငံတော်သမ္မတကလည်း ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားရန် နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် သဘောတူထားသည်ဟု သိရသည်။ နိုင်ငံတော်သမ္မတက ARSA အဖွဲ့ဝင်များ(သို့မဟုတ်) အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ပြုလုပ်သင့်သည်ကို စစ်ဥပဒေချုပ် နှင့် လိုအပ်သလို တိုင်ပင် ဆောင်ရွက်သွားရန် ပြည်ထောင်စုရှေ့နေချုပ်ထံ အကြောင်းကြားထားသည်ဟု ဆိုသည်။ ICOE) ၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် က ဇန်နဝါရီလ ၂၁ ရက်က လက်ခံရရှိခဲ့သည်။ အစီရင်ခံစာသည် ကျယ်ပြန့် ပြည့်စုံပြီး နောက်ဆက်တွဲ ၃၁ ခုနှင့် စာမျက်နှာပေါင်း ၄၅၀ ကျော် ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထား သည်။ နိုင်ငံတော်သမ္မတက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ကို ဖွဲ့စည်းပေးခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို၊ အဖွဲ့ဝင်များ အဖြစ် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေတာ် အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ဒေါက်တာအောင်ထွန်းသက် တို့ ပါဝင်သည်။ ICOE စုံစမ်းစစ်ဆေးမှုအစီရင်ခံစာသည် တရားမျှတမှုရှိ၍ အပြည့်အဝ တာဝန်ယူမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇန္နဝါရီ ၂၁ ရက်တွင် ပြောသည်။ ICOE ၏ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန် ခဲ့ပြီး ICOE က သက်သေခံအချက် အလက်များစုဆောင်းရာတွင် တပ်မတော်သားများက လိုအပ်သော ထွက်ဆိုချက်များကိုပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတရုံးက ပြန်လည် ထုတ်ပြန်ခဲ့သည့် ICOE အစီရင်ခံစာ အကျဉ်းချုပ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က စတင် သည့် ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဥပဒေ ချိုးဖောက်မှုများ ကျူးလွန်ခဲ့ သည်ဟု ဖော်ပြပါရှိသည်။ ဤအတောအတွင်း တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထား သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (ပ ဉ္စမအကြိမ်) ကို ဖေဖော်ဝါရီလ (၁) ရက်နေ့ က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း NCA-SEAO Facebook Page သတင်းအရ သိရသည်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်များအတွက် အကြီးမားဆုံး အခက်အခဲမှာ မြန်မာ့တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ချက်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက် တစ်ရပ်တွင် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာက ပြောသည်။ “အကြီးမားဆုံးအခက်အခဲက တပ်မတော်ရပ်တည်ချက်ပါပဲ၊ ပြီးခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနား မှာ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတဲ့အထဲမှာ ပြီးခဲ့တဲ့ အတိတ်သင်ခန်းစာအရပ်ရပ်ကို ထောက်ရှု ပြီး တပ်မတော်အနေနဲ့သူတို့သဘောထား မူ ၆ ချက်အတိုင်း ရပ်တည်ထားလျက်ပါပဲ။ အဲဒီမူ ၆ ချက်ကို ဆုပ်ကိုင်ထား ဆဲပဲ။ ဒါက ကျနော်တို့တိုင်းရင်းသားတွေအတွက် အကြီးမားဆုံးအခက်အခဲပါပဲ။” ဟု နိုင်ဟံသာက ဆိုသည်။ တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆)ချက်မှာ ၁-ငြိမ်းချမ်းရေး ရယူရန် ဆန္ဒအမှန် ရှိရမည်။ ၂-သဘောတူစာချုပ် ကတိကဝတ် များကို မဖောက်ဖျက်ရ။၊ ၃-ငြိမ်းချမ်းရေးသဘောတူညီချက်အေပါ် အမြတ်မထုတ်ရန်။ ၄-ဒေသခံများအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်။ ၅ -တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်။ ၆- ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။ နိုင်ဟံသာက “တပ်မတော်ရပ်တည်ချက်က အပြောင်းအလဲမရှိဘူး၊ တပ်မတော်အနေနဲ့ ဒီ ၆ ချက်ကိုပဲ ဆက်ပြီး တင်းခံနေ မယ်ဆိုရင် တစ်ဆို့မှုတွေ ဆက်ပြီးရှိနေဦးမှာပါ။” ဟု ဆိုသည်။ အလားတူ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး အရပ်သားအစိုးရလက်အောက်တွင် ရှိရေးဆိုသည့် အချက်နှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်သော လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများမှရယူရန် (သို့မဟုတ်) ဒီမိုကရေစီ အခြေခံမူများအောက်မှ ရယူရန် ကြိုးစားနေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း၏ အင်တာဗျူးကို NCA-SEAO Facebook တွင် ဖော်ပြထားသည်။ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ဒီမိုကရေစီစနစ်အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှု အောက်၌ လုံခြံုရေးတပ်ဖွဲ့အားလုံးရှိရမည်ဆိုသည့် အခြေခံမူ မရရှိဘဲ၊ နှစ်ပေါင်း ၇၀ ကျော်သက်တမ်ရှိသည့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး လုပ်ငန်းကို ဖေါ်ဆောင်နိုင်မည် မဟုတ်ဟု ဆိုသည်။ ထို့ပြင် ‘အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီ’ က ပြင်ဆင်ရေးမူကြမ်း နှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၂၇ ရက်နေ့က တင်သွင်းရာတွင် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်ဆိုသည့် ပုဒ်မ (၂၀) ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ထားသည်ဟု သိရသည်။ တစ်ချိန်တည်းမှာပင် ဇန္နဝါရီလ ၃၁ ရက်တွင် နေပြည်တော်လွှတ်တော်ဝင်း၌ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း လေးနှစ်မြောက် အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။ နိုင်ငံတော်၏ မူဝါဒများ အပေါ် အခြေခံ၍ လွှတ်တော်က ဥပဒေ ရေးဆွဲပေးရခြင်းဖြစ်သဖြင့် ဥပဒေပြုရေးမဏ္ဍိုင်သည် အလွန်အရေးကြီးသည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း RFA သတင်း အရ သိရသည်။ လက်ရှိ နိုင်ငံတော်ကလည်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်နေသောကြောင့် အများစု၏ သဘောဆန္ဒကို အလေးထားရမည်ဖြစ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်ဟု ဆိုသည်။ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပါက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး မရနိုင်ဘဲ ဖြစ်နေရသည်မှာ ပြည်တွင်းစစ် မရပ်နိုင် သောကြောင့်ဖြစ်သည်။ တပ်မတော်က အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒများကို အကောင်အထည် ဖေါ်ရာတွင် တိတိကျကျ လိုက်ပါမှုမရှိသဖြင့် ICJ ၌ မြန်မာနိုင်ငံ ရင်ဆိုင်ရသော အမှုကိစ္စမျိုး ပေါ်ပေါက်ခဲ့ရသည်။ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းး ဖြင့် ဖြေရှင်းရန် မကြိုးစားဘဲ၊ နိုင်ငံရေး စကားဝိုင်းများ အထပ်ထပ်အဖန်ဖန် ခင်းကျင်းသည့်နည်းဖြင့် အဖြေရှာသင့်သည်။ NCA စာချုပ်တွင် အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို လက်ခံဖို့ လိုသည်။ NCA လုပ်ငန်းစဉ် အချိန် မကြာသင့်ဘဲ ကြာခဲ့ရသည့် သင်္ခန်းစာကို ယူရမည်။ မာနနှင့် အာဃာတစိတ်ကြောင့် အပျက်စိတ်ဖြင့် ပြဿနာကို ချဉ်းကပ်သည့် အလေ့ အထများကို စွန့်ပယ်ကြရမည်။ ယခု လတ်တလော ၂၀၂၀ တွင် အရေးအကြီးဆုံးကိစ္စမှာ တပ်မတော်သည် အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးမှုကို ခံယူ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္တအစည်းအဝေး)၏ ရည်ရွယ်ချက် အောင်မြင်စေရန် ကူညီသင့်သည်ဟု သုံးသပ်မိပါသည်။ ၂၀၂၀ ဖေဖေါ်ဝါရီ ၃ ရက်၊ နေ့ထုတ် ဒီလှိုင်းစာစောင် ၌ ဖေါ်ပြသည့် ဆောင်းပါး
Tuesday, February 11, 2020
ဗိုလ်မှူးကြီး းေမြိုင်မဖြစ်လိုက်တဲ့ စာပေသစ်
BBC News မြန်မာ
menu
ဗိုလ်မှူးကြီးဌေးမြိုင် မဖြစ်လိုက်တဲ့ စာပေသစ်ဖခင်ကြီး
ဘိုဘိုဘီဘီစီမြန်မာပိုင်း
08 မေ 2019
ဒီစာမျက်နှာ Email ဒီစာမျက်နှာ Facebook ဒီစာမျက်နှာ Twitter ဒီစာမျက်နှာ Whatsapp
Image copyrightDEVI TARYAR
Image captionအနှစ် ၈ဝ ကျော် စာပေကဗျာတွေပြုစုသွားတဲ့ ဒဂုန်တာရာ
ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့ အရိုင်းရုပ်ပုံလွှာနဲ့ ငယ်ဘဝလက်ရာ မေဝတ္ထုတွေကြောင့် သိသူများပါတယ်။
တကယ်က သူဟာ ဒဂုန်မဂ္ဂဇင်းက တင်ပေးလိုက်တဲ့ ကလောင်ကြီးတချောင်း ဖြစ်သလို မြန်မာ့တပ်မတော် ဝါဒဖြန့်ချိရေးဌာနကို ကြီးကြပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ရာထူးအနှောင်အဖွဲ့တွေ သဘောမကျတဲ့ အနုပညာသမား ဒဂုန်တာရာကတော့ ဗိုလ်ချုပ်ပေးတဲ့ ရာထူးကို မယူခဲ့ပါဘူး။
ဒါပေမဲ့ တာဝန်ယူစရာရှိရင် ယူတတ်တဲ့ သမဂ္ဂရဲဘော်ဟောင်းဖြစ်တဲ့အတွက် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ခင်ကပဲ တရုတ် ကွန်မြူနစ်တပ်နီနဲ့ အဆက်အသွယ်ယူပြီး ဗြိတိသျှကို တော်လှန်ဖို့ ရှမ်းပြည်ခရီးကို သခင်ဗဟိန်းနဲ့သူ အတူသွားခဲ့ပါတယ်။
သူ့ကို နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပေးတဲ့အခါမှာတော့ နိုင်ငံက ထင်သလောက်လည်း မတိုးတက်၊ နောက် မညီညွတ် ကွဲပြားပြီး စစ်ဖြစ်နေတဲ့အချိန်မျိုးမှာ ဘွဲ့တက်ယူဖို့ ဆန္ဒမရှိကြောင်း သူက စာရေးဖို့ ကြံခဲ့တယ် လို့လည်း သူ့မိသားစုက ဆိုပါတယ်။ နောက်ဆုံး တူမ သင်းမြစန္ဒီကို လွှတ်ပြီး ယူစေခဲ့ပါတယ်။ အငယ်ကို လွှတ်ယူခိုင်းတဲ့အတွက် ပေးတဲ့သူတွေဘက်က ကျေနပ်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
Image copyrightDEVI TARYAR
Image captionနိုင်ငံ့ဂုဏ်ရည်ဆုအကြောင်း ဒဂုန်တာရာလက်ရေးမူယဉ်ကျေးမှုယာဉ်သာ
ဒဂုန်တာရာကို စာပေသစ်ရဲ့ ဖခင်လို့ လူသိများပါတယ်။ တာရာမဂ္ဂဇင်းကနေပြီး စစ်ပြီးခေတ် မြန်မာစာပေယဉ်ကျေးမှုကို အသစ်ပြန်လည် တည်ထောင်ရာမှာ ဒဂုန်တာရာရဲ့ ရေးသားပြန်ဆို တည်းဖြတ်မှု တွေက အင်မတန် အရေးကြီးတဲ့ အခန်းက ပါပါတယ်။ သူကိုယ်တိုင်လည်း ပန်းချီနဲ့ ဂီတအနုပညာတွေကို လိုက်စားထူးချွန်သူတယောက် ဖြစ်ပါတယ်။
ဒဂုန်တာရာဟာ ဗဟုဝါဒခေါ်တဲ့ အယူအဆပေါင်းစုံ ကိုးကွယ်ယုံကြည်မှုနဲ့ အသိပညာစုံကို လက်ခံအားပေးတဲ့ စာရေးဆရာ တယောက် ဖြစ်တာမို့ နိုင်ငံစုံက အနုပညာအကြောင်းတွေကို မြန်မာစာဖတ်သူ တွေ အတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ လေနုအေး၊ အပြုံး၊ အနုပညာရေစီး၊ သူမ၊ ရွှေအိုရောင် စတဲ့ စကားလုံးသစ်တွေကိုလည်း တီထွင်ပြန်ဆိုခဲ့ပါတယ်။ အဲဒီခေတ်က သူ့ကို လျှပ်ပေါ်လော်လည်တယ်လို့ သိန်းဖေမြင့်စတဲ့ ခေတ်ပြိုင်တွေက ဝေဖန်ကြပေမယ့် မြန်မာစာပေရဲ့ အနှစ် ၅ဝ ကျော်အတွင်း ပြောင်းလဲမှုက လျင်မြန်တဲ့အတွက် ခေတ်ဟောင်းပုံစံအရေးအသား အသုံးအနှုန်းတွေကို စွန့်ပစ်ခဲ့ရာမှာ သူ့ထက် လော်လည်သူတွေ ပိုများတယ်လို့ ပြောနိုင်ပါတယ်။
ဘီဘီစီ ကြည်အေးနဲ့ ဗြိတိန်အစိုးရနဲ့ မြန်မာနိုင်ငံစာရေးဆရာအသင်း
စစ်ပြီးခေတ်မှာ ကဗျာပုံစံသစ်ကို သူနဲ့ကြည်အေးတို့ လမ်းခင်းပေးခဲ့ကြတဲ့အတွက် လေးလုံးစပ်ကနေ လွတ်လပ်ကာရန်ဘက်ကို ကူးဖို့ သူအစပျိုးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ လမ်းလျှောက်ရအောင်မေ နဲ့ တဟီတီသွားရအောင် ကဗျာတွေကို ထွက်ပြေးမှုဝါဒလို့ သတ်မှတ်ကြပေမယ့် အဲဒီခေတ်က လူငယ်တွေအကြားမှာ ခေတ်စားခဲ့ပါတယ်။ လောကအမွန် နဲ့ မတ်လတော်လှန်ရေး ကတော့ လက်ဝဲနိုင်ငံရေး ကဗျာပုံစံအဖြစ် ထင်ရှား ခဲ့ပါတယ်။
သူရေးတဲ့ မေ ဝတ္ထုဟာ သူ့ခေတ်သူ့အခါမှာ ထူးခြားတဲ့အထဲက ပါပါတယ်။ ဘာသာပြန်ဆိုပေမယ့် အမျိုးသားထည်လဲတွဲတဲ့ အမျိုးသမီးတယောက်ကို ဇာတ်ကောင်ပြုရေးဖွဲ့တဲ့အတွက် မြန်မာဝတ္ထုတွေ ထဲမှာ ထူးထူးခြားခြား တပုဒ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီလိုအမျိုးသမီးတွေကို နှိမ့်ချရေးသားတာ၊ ဆုံးမသြဝါဒပေးတာတွေလည်း မပါပါဘူး။ စစ်ပြီးခေတ်မှာပေါ်တဲ့ ကြည်အေးရဲ့ မီ စတဲ့ ဝတ္ထုတွေဟာ မေရဲ့ သြဇာရိပ်က မကင်းဘူးလို့လည်း ပြောနိုင်ပါတယ်။
Image captionသက်တမ်းတိုပေမယ့် သြဇာကြီးတဲ့ တာရာမဂ္ဂဇင်း
သူရေးတဲ့ ဝတ္ထုတွေထဲက ကြာပန်းရေစင် ဟာ ဖဆပလခေတ် ရန်ကုန်မြို့က လူတန်းစားအလွှာစုံကို ရေးခြယ်ထားတာဖြစ်ပြီး အင်ဒိုနီးရှားက စာရေးဆရာကြီး မော့ချတာလူးဘစ်ရဲ့ ဝတ္ထုတွေလိုပဲ ခေတ်ပြိုင်လူမှုအလွှာတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံရေးနောက်ခံနဲ့ ဖွဲ့တဲ့ဝတ္ထုဖြစ်ပါတယ်။ ဆယ်နွေဆယ်မိုး မှာလည်း ဖဆပလခေတ် အာဏာရလူတန်းစားနဲ့ အာဏာမဲ့တွေဘဝကို နှိုင်းပြခဲ့ပါတယ်။
လင်လင် ကတော့ အိမ်ထောင်ကျခါစ အမျိုးသမီးလေးတယောက်ရဲ့ စိတ်ခံစားမှုကို ရေးဖွဲ့တဲ့အတွက် အဲဒီခေတ်မှာ ထူးခြားတဲ့ဝတ္ထုတိုတပုဒ် ဖြစ်ပါတယ်။ မြန်မာစာရေးဆရာအများစု ဇာတ်လမ်းအားပြု ဝတ္ထုတွေ ရေးတဲ့ခေတ်မှာ ဒဂုန်တာရာဟာ ဇာတ်ကောင်စရိုက်အခြေခံတဲ့ ဝတ္ထုတွေ ရေးဖွဲ့ခဲ့တယ်လို့လည်း စာရေးဆရာ မောင်စွမ်းရည်က သုံးသပ်ဖူးပါတယ်။
ဗန္ဓရဦးမြတ်စံ ဝတ္ထုတိုမှာတော့ အထက်အမိန့် အောက်အမိန့် အာဏာတည်စေ ဆိုပြီး ကုန်စျေးနှုန်းကျအောင် မန်းမှုတ်တဲ့လူတယောက်အကြောင်း ရေးပြီး လမ်းစဉ်ပါတီအစိုးရရဲ့ ကချော်ကချွတ် အုပ်ချုပ်ရေး ကို သရော်ပါတယ်။
သူအနှစ်သက်ဆုံးဝတ္ထုကတော့ နယ်ချဲ့ဆန့်ကျင်ရေးနောက်ခံ ဒို့ခေတ်ကိုရောက်ရမည်မှာမလွဲပါ ဖြစ်ပါတယ်။ ပထမအကြိမ်ထုတ်စဉ်က အဆုံးမသတ်ရသေးတဲ့ ဝတ္ထုစာမူတွေဟာ ဗြိတိန်မှာ ထုတ်ဖို့ စီစဉ်ပြီး ပျောက်ဆုံးသွားတဲ့အတွက် ကျန်တဲ့လက်ရေးမူတွေနဲ့ အသစ်ထပ်မံရေးရပါတယ်။ လွတ်လပ်ပြီးခေတ်နဲ့ မျက်မှောက်ခေတ်ထိ ဆက်ရေးဖို့ စီစဉ်ထားပေမယ့် စာရေးသူ ကွယ်လွန်သွားတဲ့အထိ အပြီးထိ မရောက်တော့ဘဲ ရေးခဲ့သမျှနဲ့ စုစည်းပြီး အသစ်ပြန်လည်ထုတ်ဝေထားတာပါ။
Image copyrightDEVI TARYAR
Image captionရန်ကုန်တက္ကသိုလ်သမဂ္ဂအမှုဆောင်ဘဝကဗျာဆရာရဲ့ အဘိဓမ္မာ
ဒဂုန်တာရာဟာ အသက်အရွယ်ကြီးတဲ့အထိ အသစ်သင်ယူလိုစိတ် ထက်သန်တယ်လို့ သူ့ရဲ့မြေးဖြစ်သူ ဒေဝီတာရာက ပြောပါတယ်။ မြေးတွေ သင်ယူနေတဲ့ ကွန်ပျူတာပညာအကြောင်းကအစ ဘာသာရပ်စုံ ကို သူက သိချင်နားလည်ချင်သူ ဖြစ်သလို လူငယ်တွေနဲ့ တွေ့ဆုံပြီး သူတို့အမြင်တွေကို ကြားချင်နေသူ ဖြစ်တဲ့အတွက် လူငယ်တွေကလည်း ဒဂုန်တာရာကို ချစ်ခင်ကြပါတယ်။
၁၉၈၈ အရေးတော်ပုံမှာ လူငယ်တွေ ခေါင်းဆောင်ပြီး အလုပ်သမားတွေအပါအဝင် တနိုင်ငံလုံးအုံကြွ ဆင်နွှဲနိုင်ခဲ့တာကို သူသဘောကျတယ်လို့ သိရပါတယ်။
မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာနိုင်ငံရေး အကျဉ်းသား လွှတ်ဖို့ ဒဂုန်တာရာ တောင်းဆို
တတိယမျိုးဆက်လို့ သူတင်စားရေးတတ်တဲ့ ဒီမျိုးဆက်တွေ ညီညီညွတ်ညွတ်နဲ့ နိုင်ငံအနာဂတ်ကောင်းအောင် ကြိုးစားကြဖို့ ဒဂုန်တာရာက လိုလားတယ်လို့လည်း သူ့တူမ စာရေးဆရာမ သင်းမြစန္ဒီက ဆိုပါတယ်။
ဒဂုန်တာရာရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တန်းတူအခွင့်အရေးနဲ့ လွတ်လပ်ရေး ဖြစ်ပါတယ်။ သူ့ဦးလေးရဲ့ ရည်မှန်းချက်တွေ ခုချိန်မှာ ပြည့်ဝဖို့က သိပ်အလားအလာမရှိသေးဘူးလို့လည်း သင်းမြစန္ဒီက ပြောပါတယ်။
၁၉၈၈ နောက်ပိုင်း ဒဂုန်တာရာကို နိုင်ငံရေးလောကထဲ ပြန်ပါဖို့ လာတိုက်တွန်းကြပေမယ့် လူတွေကို သိပ်ယုံကြည်မှုမရှိလို့ မပါခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ၊ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ ဆိုတဲ့ သူ့ရဲ့ အမြင်သဘောထားတွေကို ဒဂုန်တာရာက အမြဲရေးသားပြီး နိုင်ငံပြန်လည် ရင်ကြားစေ့ရေးကို တိုက်တွန်း သွားခဲ့ပါတယ်။
Image copyrightTASS
Image captionကွန်မြူနစ်ခေတ်က မော်စကိုရင်ပြင်နီချီတက်ပွဲ
ဒီလိုတိုက်တွန်းခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ စစ်တပ်ရဲ့ အထက်အောက် အမိန့်ပေးဆက်ဆံရေးကို မနှစ်ခြိုက်ဘူးလို့လည်း တူမဖြစ်သူက ဆိုပါတယ်။ စစ်ကိုမလိုလားတဲ့သူ ဖြစ်တဲ့အတွက် သူ့တသက်မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ပါတယ်။ နောက်ပြီး ၁၉၅၇ ဟန်ဂေရီ အရေးအခင်းမှာ ရုရှားကို ကျူးကျော်သူအဖြစ် သတ်မှတ်ဖို့ သူဆော်သြခဲ့လို့ ခေတ်ပြိုင် မြန်မာလက်ဝဲသမား တွေနဲ့ သဘောကွဲခဲ့ပါတယ်။
သူဟာ အကြမ်းပတမ်းကိစ္စတွေကို မနှစ်သက်သူမို့ တောခိုပြီး လက်နက်ကိုင်လှုပ်ရှားဖို့ကိုလည်း မထက်သန်ခဲ့ပါဘူး။ ဒါပေမဲ့ သူရေးတဲ့ ညိုမီဂုမ္ဘန် နဲ့ သောင်းကျန်းသူ ဝတ္ထုတွေမှာတော့ ကွန်မြူနစ် အုပ်ချုပ်တဲ့ မြန်မာပြည်ဘက်ခြမ်းကို အလည်သွားတဲ့ပုံစံ စိတ်ကူးယဉ်ဝတ္ထုကို ရေးခဲ့ပါတယ်။
ဘက်နှစ်ဘက်ကြားကစာဆို
၁၉၄၈ မြန်မာပြည် ပြည်တွင်းစစ်အစမှာ နှစ်ဘက်စလုံးက သူနဲ့ခင်တဲ့သူတွေဖြစ်တဲ့အတွက် ကွန်မြူနစ်နဲ့ ဖဆပလခေါင်းဆောင်တွေအကြောင်း ရုပ်ပုံလွှာတွေရေးပြီး ကောင်းကွက်တွေ ဖော်ခဲ့ပါတယ်။ သခင်သန်းထွန်း အနီကို လေ့လာကြည့်ရှုချက် နဲ့ သခင်နု မုန်တိုင်းထဲက သစ်ရွက်တရွက် တို့က ထင်ရှားပါတယ်။ သူ့သမဂ္ဂရဲဘော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ တောခိုချိန်မှာတော့ သူ့မိသားစုကို စောင့်ရှောက်တဲ့အနေနဲ့ နှစ်ပေါင်း ၂ဝ၊ ၃ဝ နီးပါး အတူနေထိုင်ခဲ့ပါတယ်။ သူ့ကို အစိုးရတွေက မနှစ်သက်မှန်း သိပေမယ့် နိုင်ငံရေး ရပ်တည်ချက်မပြောင်းဘဲ သူယုံကြည်ရာ ငြိမ်းချမ်းရေးကိုသာ တောက်လျှောက် ရေးသား လှုံ့ဆော်ခဲ့ပါတယ်။
ဗကပ ခေါင်းဆောင် သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့ဦးနုရဲ့ခေါင်းဆောင်မှု အကောင်းနဲ့အဆိုး ၉ ချက်
Image captionဗိုလ်ဇေယျမိသားစုနဲ့ ဒဂုန်တာရာ
ဒါပေမဲ့ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ချိန်မှာတော့ ဒဂုန်တာရာ အဖမ်းခံခဲ့ရပါတယ်။ သူကိုယ်တိုင် ဘာဖြစ်လို့ အဖမ်းခံရမှန်းမသိဘူးလို့လည်း တူမ သင်းမြစန္ဒီကို ဆိုပါတယ်။ ထောင်တွင်းက ဆိတ်ဖလူးနံ့သင်းတဲ့နေရာမှာတော့ သူစောစောအိပ်ပြီး ညတိတ်ဆိတ်ချိန်မှာ ဝတ္ထုအကြောင်း စဉ်းစားတာ၊ စန္ဒရားကို စိတ်ကူးနဲ့တီးတာတွေ လုပ်တယ်လို့လည်း သိရပါတယ်။
၁၉၇၉ သူ့အသက် ၆ဝ ပြည့်တဲ့နေ့မှာ သူအလည်ရောက်နေတဲ့ အောင်ပန်းက မိတ်ဆွေ ဦးမြင့်သန်း အဖမ်းခံရပါတယ်။ အိမ်မှာ ရှာရင်း ဒဂုန်တာရာရဲ့ မှတ်စုစာအုပ်ကိုပါ သိမ်းသွားပါတယ်။ ဒီအတွက် ဒဂုန်တာရာ စိတ်ထိခိုက်ခဲ့ရပါတယ်။ နောက် ဒဂုန်တာရာတူမ သင်းမြစန္ဒီနဲ့ အိမ်ထောင်ကျပြီးနောက် ၁၉၉ဝ ရွေးကောက်ပွဲမှာ ဦးမြင့်သန်း ပြည်ထောင်စု ဓနုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကလော အမတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဖမ်းဆီးရှာဖွေတာတွေ လုပ်ခဲ့တဲ့အတွက် စာရွက်စာတမ်းတွေ ဖျောက်ဖျက်ရင်း ဒဂုန်တာရာရဲ့ စာမူတွေပါ မီးရှို့မိတာတွေ ရှိခဲ့တယ်လို့လည်း သင်းမြစန္ဒီ က ပြောပါတယ်။
Image copyrightDEVI TARYAR
Image captionအောင်ပန်းက ဒဂုန်တာရာရင်ပြင်
အသက် ၁ဝဝ ပြည့် ဒဂုန်တာရာအတွက် အထိမ်းအမှတ် မျက်စိဆေးရုံ ဆောက်လှူဖို့ မိသားစုက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မိတ်ဆွေ အပေါင်းအသင်းတွေ အာဏာရချိန်မှာ နေအိမ်တိုက်ခန်း ရာထူးစတာတွေ ယူဖို့ မစဉ်းစားခဲ့တဲ့ ဒဂုန်တာရာကို လေးစားတဲ့ စာဖတ်ပရိသတ်တွေတော့ များပါတယ်။
Image copyrightMICHAL CIZEK
Image captionဒဂုန်တာရာချစ်တဲ့ ပရပ်ဂ်မြို့
တခါက သူရောက်ခဲ့တဲ့ ချက်နိုင်ငံ ပရက်ဂ်မြို့က နှမ်းဖြူးပေါင်မုန့်ကို သူနှစ်သက်ကြောင်း ကြားဖူးတဲ့ မြန်မာအမျိုးသမီးတယောက်ဟာ ပရက်ဂ်မှာ ပညာသင်ပြီးအပြန်မှာ သူ့အတွက် ဒီပေါင်မုန့်ကို ရအောင် ရှာဝယ်လာခဲ့တယ်လို့ မြေးဖြစ်သူ ဒေဝီတာရာက ပြောပြပါတယ်။
ဒဂုန်တာရာကို စာအုပ်ပုံတွေ အလယ်မှာ တွေ့ခဲ့ရကြောင်း၊ ဇော်ဂျီနဲ့ ဒေါက်တာမင်းလတ် စတဲ့ မြန်မာစာပေပညာရှင်တွေက သူ့လက်ရာတွေကို သဘောကျ ချစ်ခင်ကြကြောင်း သူနဲ့ ၁၉၅၉ က တွေ့ဆုံခဲ့တဲ့ ချက်က မြန်မာစာပေပညာရှင် မြသီတာခေါ် ဒက်ချ်မာ ဗက်ချ်ကိုဗာက ပြောပြဖူးပါတယ်။
၁၉၃ဝ ကျော်ကနေ ၂ဝ၁ဝ ကျော်အထိ ကဗျာတွေ စပ်ဆိုသွားတဲ့ ဒဂုန်တာရာဟာ ဒေါင်းမင့်သီဟာ စတဲ့ ရတုပိုဒ်စုံတွေနဲ့ ထင်ရှားလာခဲ့ပြီး စုဧကရီ နှင်းဆီဆင်သ ခံစားမှုက လူ့ယန္တရား စတဲ့ ကဗျာတို လေးတွေကို နောက်ဆုံးရေးဖွဲ့ သွားခဲ့ပါတယ်။
Image copyrightDEVI TARYAR
Image captionအင်္ဂလိပ်စာရေးဆရာကြီး အိပ်ဂျီဝဲလ် လာစဉ်က
Copyright © 2019 ဘီဘီစီ. ပြင်ပဝက်ဘ်ဆိုက်များမှ အကြောင်းအရာများကို ဘီဘီစီမှ တာဝန်မယူပါ
Monday, February 10, 2020
Friday, January 10, 2020
ငှက်ကလေး သို့ တိုင်တည်ခြင်း
ငှက်ကလေးရေ ငါ ဖျားနာနေတဲ့
ညနေတိုင်းမှာ
လေပြေနှော ပွင့်အံအနမ်းနဲ့
ငါ ဝေဒနာ တွေကို
သက်သာစေခဲ့ပေါ့
ဆောင်းမြောက်ပြန်လေ
အေးစိမ့် အချမ်းမှာ
ငါ အသက်ရှူမောနေတုန်း
အတ္တကင်း ငှက်ကလေး ရင်ခွင်ဟာ
နွေးထွေးမှူ ခြုံလွှာအနွေးနဲ့
ငါ့ကို နွေးထွေးစေတယ်
ကျေးဇူးလည်းတင်တယ်
ချစ်ခြင်းလည်း လင်းတယ်
တရွေ့ရွေ့ ရှေ့ဆက်နာရီ
အချိန်တိုးတက်မှူမှာ
ငါ အဖျား ပျောက်တဲ့အထိ
စာနာခြင်း မေတ္တာအဆင်းကို
တိုး၍ပေးပါ မတောင်းဆိုပေမဲ့
ရင်ခွင်ထဲ ကတော့ ကမ်းလင့်မိတယ်
💞💞💞💞💞💞💞💞💞💞
M M A
Reaching the Bird
💕💕💕💕💕💕💕
Bird, I'm sick
Every evening
With a gentle kiss
My pain
It was a relief
It was winter
In the cold
I'm still breathing
The eagle's nest
With a warm cloth cover
It warms me
Thank you!
Love is light
Clockwise
Time to improve
Until I get a fever
Empathy love
You don't even ask for more
In the bosom, I expected it.
M M A
Saturday, July 13, 2019
ဒဂုံတာရာ၏သခင်သန်းထွန်း
()
-
-
( ) ( )
' '
….
''
- ( ) ( )
' '
" () "
-
[]
" "
"…. … ….."
()
' '
''
()
'' ()
''
'' ' '
….
' '
' '
- ( )
''
()
( )
,
'' '… '
' …. ……' ''
……..
''
()
' '
( )
''
'… '
' '
…
()
' ….. '
{ '- ' }
Wednesday, July 10, 2019
အမေစကား
ဒေါ်အောင်ဆန်းစုကြည်
29.12.2016
Monday, July 30, 2018
ဒီစကား
ဒီစကား
\\\\\\\\\\
စုံထောက်ဝတ္ထုတွေကို ဘာကြောင့် လူအများ နှစ်သက်ကြပါသလဲ။ ကျွန်မလည်း စုံထောက်ဝတ္ထုပရိသတ် ထဲမှာ ပါပါတယ်။ ပထမဦဆုံး စုံထောက်ဝတ္ထုများနဲ့ ကျွန်မထိတွေ့ခဲ့စဉ်က အသက် ၁၀နှစ်လောက်ရှိပါပြီ။ အဲဒီအချိန်က ကျွန်မတို့နဲ့ အတူနေပြီး တက္ကသိုလ်တက်နေတဲ့ အစ်မ ၀မ်းကွဲတစ်ယောက်က တက္ကသိုလ် အင်္ဂလိပ်စာ အတန်းမှာ စုံထောက်ကြီး ရှားလော့ဟုမ်း ပုံပြင်တွေ သင်ရပါတယ်။ တက္ကသိုလ် ဒုတိယတန်းနှစ် သာမန် အင်္ဂလိပ်စာ အတန်းပါ။ ဂုဏ်ထူးတန်း မဟုတ်ပါဘူး။ အဲဒါပြန်စဉ်းစားကြည့်တော့ အဲဒီအချိန်က မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ သင်မှု အတော်မြင့်ပါလားလို့ တွေးမိပါတယ်။ ကျွန်မက ၁၀နှစ်ဆိုတော့ လေးတန်းပါ။ အင်္ဂလိပ်စာ ဖတ်တတ်နေပါပြီ။ ဒါပေမဲ့ အစ်မ လေ့လာရတဲ့ ရှားလော့ဟုမ်း ပုံပြင်တွေ ဖတ်နိုင်တဲ့ အဆင့်မရှိသေးပါဘူး။ ဒီပုံပြင်တွေကလည်း မူရင်းအတိုင်းပါ။ လွယ်အောင် ပြန်ရေးထားတာမျိုး မဟုတ်ပါဘူး။ အစ်မက ဖတ်ပြီး ဇာတ်လမ်းတွေ ကိုပြောပြပါတယ်။ နားထောင်လို့ သိပ်ကို ကောင်းတာပဲ။ အဲဒီကစပြီးကျွန်မ စုံထောက်ဝတ္ထု တွေ အစွဲကြီး စွဲသွားတာပါ။ ဒါကြောင့်လည်း နောက်တစ်နှစ် လောက်အတွင်းမှာ ရှားလော့ဟုမ်း ပုံပြင် အချို့ကို ကိုယ်တိုင် ဖတ်နိုင်အောင် ကြိုးစားလုပ်ခဲ့ပါတယ်။ စာအုပ်ကလေးကို ကျွန်မနှစ်သက်လွန်းလို့ မေမေ့ မိတ်ဆွေ တစ်ဦးက ကျွန်မအတွက် ၀ယ်ပေးထားတာ ယခုအထိ ရှိပါသေးတယ်။
ဘာကြောင့် စုံထောက်ဝတ္ထုတွေဟာ စိတ်ဝင်စားဖွယ်ကောင်းတယ်ဆိုတာ စာဖတ်သူတစ်ဦး နဲ့ တစ်ဦး အမြင်ချင်း တော့ တူမှာမဟုတ်ပါဘူး။ ကျွန်မအတွက် ကတော့ ပဟေဋ္ဌိ တစ်ခုရဲ့အဖြေကို ရှာတဲ့ဖြစ်စဉ်ကို နှစ်သက်တာ ဖြစ်ပါတယ်။ ၀တ္ထုကို ဖတ်ရင်းနဲ့ ဘယ်သူက လုပ်တာလဲဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်းစားသွားရတာ သိပ်အရသာ ရှိတာပဲ။ ကျွန်မ ရှားလော့ဟုမ်း ပုံပြင်တွေကို စပြီးသိခဲ့ ရတဲ့ အချိန်မှာ ဒီပုံပြင်တွေကို မြန်မာမှုပြုထားတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ကြီး ဦးစံရှားကို အခြေခံတဲ့ ဦးရှံစား ဟာသကာတွန်းဇာတ်လမ်းတွေ အတော်ခေတ်စားပါတယ်။ ဦးရှံစားနဲ့ တပည့်ကျော် ဦးဒိန်းဒေါင်တို့က ထောက်လှမ်းလိုက်တိုင်း တလွဲဖြစ်တတ်တာမို့ စုံထောက်ကြီးက “မှားတဲ့ အခါလည်း မှားပေမပေါ့” လို့ ရေရွတ်ရတာ အခါပေါင်း များစွာ။ “မှားတဲ့ အခါလည်း မှားပေမပေါ့” ဆိုတာ ကလေး၊ လူကြီးမရွေး အဲ့ဒီအခါက လက်သုံးစကားပါပဲ။ ကျွန်မလည်း ဖတ်တဲ့ စုံထောက်ဝတ္ထုဇာတ်လမ်း နိဂုံးဟာ ကိုယ်မှန်းထားတဲ့ အတိုင်းမဖြစ်ရင် “မှားတဲ့အခါလည်း မှားပေမပေါ့” ဆိုပြီးပြုံးရပါတယ်။
စုံထောက်ဝတ္ထုတွေ အတော်များများ ဖတ်ပြီးတဲ့အခါမှာ နောက်ဆုံး အဖြေကိုမှန်းတဲ့ နေရာမှာ အတော်အတန်မြင်လာပါတယ်။ မေးပါများစကားရ ဆိုသလို ဖတ်ပါများတော့လည်း အဖြေရလာတဲ့ သဘောပါပဲ။ ဒီအဖြေကို ရှာနေတဲ့ အချိန်မှာ တော့ စိတ်ကို ဖတ်နေတဲ့ စာအုပ်ထဲ လုံးဝမြှုပ်ထားနိုင်တာကြောင့် အခြားအာရုံတွေ မေ့ထားလို့ ရပါတယ်။ အဲဒီအကြောင်းကြောင့် စုံထောက်ဝတ္ထုတွေ နှစ်သက်ကြတာ လားလို့လည်း စဉ်းစားစရာဖြစ်ရပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများမှာ လေဆိပ်၊ ရထား ဘူတာ စတဲ့ နေရာတွေမှာ စာအုပ်ဆိုင်တွေ ရှိတတ်ပါတယ်။ ခရီးသွားရင်း အပျင်းပြေဖတ်ဖို့ စာအုပ်ဝယ်သူတွေလည်း များပါတယ်။ စုံထောက်ဝတ္ထုကောင်း တစ်အုပ်ရပြီးဆိုလို့ကတော့ အချိန်တွေ ဘယ်လို ကုန်သွားမှန်းမသိ။ ခရီးက ပြီးသွားလေရဲ့။
စုံထောက် ၀တ္ထုဖတ်ပုံဖတ်နည်းကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အချို့က စာအုပ်မချတမ်း အသည်းအသန် အဖြေသိချင်ဇောနဲ့ ဖတ်ကြရဲ့။ စာမျက်နှာတွေ ကျော်ပြီး နိဂုံးပိုင်းကို တန်းဖတ်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါကတော့ ထမင်းဆာလွန်းလို့ စားနေတဲ့ ဟင်းအရသာမခံနိုင်ဘဲ ပလုတ်ပလောင်း အမြန်နှုန်းနဲ့ စားသလိုပါပဲ။ အချို့ကျတော့လည်း အေးအေးဆေးဆေး နိဂုံးရောက်ဖို့ မကြာကြာအောင် ဆွဲဖတ်တာလည်းရှိပါတယ်။ ကျွန်မကတော့ အရေးအသားလည်းကောင်း၊ ဇာတ်လမ်းလည်း တကယ်ပြောင်မြောက်တဲ့ စုံထောက်ဝတ္ထု ပုံပြင်တွေဆိုရင် လက်က မချတမ်း၊ ဆက်တိုက်ဖတ်လေ့ရှိပါတယ်။ ကနဦးကတည်းက အဖြေကို သိနိုင်တဲ့ ၀တ္ထုတွေဆိုရင် အဆင့်မမီလို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ ဆက်မဖတ် တော့ပါဘူး။
စုံထောက်ဝတ္ထုနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်သလဲလို့ အချို့က တွေးနေပါလိမ့်မယ်။ တိုက်ရိုက်သက်ဆိုင် တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံး ဘယ်လိုအဖြေပေါ်မလဲဆိုတာ တွက်ဆဖို့ ခက်တဲ့ နေရာမှာ တော့တူပါတယ်။ စုံထောက်ကျော်တွေ ဆိုရင် အဖြေမှန်ကို ရှာတွေ့ကြတာပါပဲ။ ဘယ်လိုရှာတွေ့ကြလဲ ဆိုရင်တော့ ရိုးရိုးပါပဲ။ လုံ့လ၊ ၀ီရိယ၊ ပညာနဲ့ လုပ်ဖော်ကိုင်ဖက်ကောင်း၊ တပည့်နောက်လိုက်ကောင်းတွေရဲ့ အကူအညီနဲ့ အောင်မြင်ကြတာပါ။ အဖြေမှန်မရခင် အချိန်မှာတော့ ဖြစ်နိုင်ခြေ အမျိုးမျိုးကို စဉ်းစားရပါတယ်။ စုံထောက် ၀တ္ထု ဖတ်တာနဲ့ နိုင်ငံရေးလုပ်တာမှာ အဓိက မတူညီတဲ့ အချက်ကြီး နှစ်ချက်ရှိတယ်။ ပထမကတော့ ရည်ရွယ်ချက်ပါ။ စုံထောက်ဝတ္ထုဖတ်တာက စိတ်ပြေလက်ပျောက် အပန်းဖြေတဲ့ သဘောပါ။ နိုင်ငံရေးလုပ်တယ်ဆိုတာကတော့ ရည်ရွယ်ချက်၊ ယုံကြည်ချက်နဲ့ လေးလေးနက်နက် အပင်ပန်းခံ လုပ်ရမှာပါ။ ဒုတိယ မတူညီမှုကတော့ စုံထောက်ဝတ္ထုတွေရဲ့ နိဂုံးကို စာဖတ်သူက ဆုံးဖြတ်လို့ မရပါဘူး။ နိုင်ငံရေးမှာ ကျတော့ ကျွန်မတို့ရဲ့ ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ပညာ၊ ရဲဘော်ရဲဘက်၊ တပည့် နောက်လိုက်ကောင်းတွေရဲ့ ကျေးဇူးကြောင့် ကိုယ်လိုချင်တဲ့ အဖြေပေါ်အောင် လုပ်နိုင်ပါတယ်။
အောင်ဆန်းစုကြည်


